Romantic Travel Inspired Proposal
တစ်နေ့တော့ Peter ဟာ ကျွန်မ ကို Cambridge မြို့ ကို ခရီးထွက်မယ်လို့ ပြောပါတယ်။ ပြီးတော့မြို့ က Hotel ကောင်းကောင်းတစ်ခုရဲ့ Suite အခန်းမှာတည်း ဖြစ်ပါတယ်။ အဲဒီတုန်းကတော့ကျွန်မဟာ Peter အခုတလော ကျွန်မကိုအလိုလိုက်နေပါလား လို့ ရိုးရိုးလေးတွေးမိပါတယ်။ နောက်ကျွန်မတို့ မြို့ ထဲကိုလမ်းလျှောက်ဖြစ်တယ်။ လမ်းလျှောက်နေတုန်း ကျွန်မလုံးဝမသိတဲ့ ဘယ်ကမှန်း မသိတဲ့ လမ်းပေါ်ကလူတွေက ကျွန်မကို စက္ကူလေယာဉ်ပျံတစ်ခုပြီးတစ်ခု လာပေးကြတယ်။ ရေကြည့်လိုက်ရ င်အခု 30လောက်ရှိမယ်ထင်တာပါပဲ။
ဒါနဲ့ ကျွန်မတို့ Hotel ကိုပြန်လာခဲ့ကြတယ်။ Hotelမှာလဲဧည့်ကြိုကောင်မလေးက ကျွန်မကို ထပ်ပြီးတော့စက္ကူလေယာဉ်ပျံပေးပြန်ရော။ နောက်ဓါတ်လှေကားထဲမှာ နောက်ထပ်စက္ကူလေယာဉ်ပျံ 3ခုထပ် တွေ့ တယ်။ ပြီးတော့ ကျွန်မအခန်းကိုပြန်တဲ့လမ်းတစ်လျှောက်မှာ နောက်ထပ်10ခု။ ကျွန်မလေ ပြန်ပြောရင်းတောင်ပြုံးမိတယ်။
ကျွန်မ အခန်းပေါက်ဝကိုရောက်လာတယ်။ အခန်းတံခါးဖွင့်လိုက်တော့ အခန်းထဲမှာ ကျွန်မနဲ့ Peterနဲ့ ခရီးသွားခဲ့တဲ့တစ်လျှောက်ရိုက်ခဲ့တဲ့ဓါတ်ပုံတွေ နေရာအနှံ့ မှာချိတ်ထားတယ်။ နောက်ကမ္ဘာလုံးပုံမြေပုံ နဲ့ ရှေးတုန်းကခရီးဆောင်အိတ်တွေအခန်းထဲမှာ။ နောက်ကျွန်မသွားချင်တဲ့နေရာတွေ၊ နိုင်ငံတွေကိုလမ်းညွှန်တဲ့ ဆိုင်းဘုတ်ပုံစံနဲ့ ကုတင်တိုင်တွေမှာကပ်ထားတယ်။
Peter ကအံ့သြသင့်နေတဲ့ကျွန်မကို စားပွဲပေါ်ကိုလက်ညှိုးထိုးပြတယ်။ စားပွဲပေါ်မှာပန်းရောင် Passport လေးရှိနေပါတယ်။ ဒီ Passport လေးထဲမှာ Peter နဲ့ ကျွန်မနဲ့ စပြီး ဆုံခဲ့တဲ့အကြောင်း ၊ ကျွန်မကိုဘယ်လောက်ချစ်ကြောင်းတွေကို ရေးထားပြီးတော့ နောက်ပိုင်း စာရွက်တွေဟာကျွန်မတို့ အတူတူသွားလည်ခဲ့တဲ့နိုင်ငံတွေရဲ့ Visa Stamp တွေနဲ့ ပြည့်နေတယ် ။ အမှတ်တရဖြစ်စေတဲ့အကြောင်းအရာလေးတွေပါ Stamp ပေါ်မှာဖော်ပြထားတယ်။
နောက်ဆုံးစာမျက်နှာမှာတော့ ဒီ Passport စာအုပ်လေးကိုသေချာပြန်ကြည့်ပါဆိုတဲ့ စာတိုလေးတစ်ကြောင်း။ ဒီစာလေးအတိုင်းကျွန်မလည်းသေချာပြန်ကြည့်ဖြစ်တော့မှ အရမ်းလှတဲ့စေ့စပ်လက်စွပ်လေးတစ်ကွင်းကို ရှာတွေ့ ပါတယ်။
ဒီ December လလေးဟာ မြန်မာပြည်မှာ မင်္ဂလာလပါ။ လက်ထပ်ထိမ်းမြားဖို့ ၊ စေ့စပ်ကြောင်းလမ်းဖို့အကောင်းဆုံးလတစ်ခုပါ။ တစ်သက်မှာတစ်မင်္ဂလာမို့  ကိုယ့်ချစ်သူကို ကိုယ်ဘယ်လောက်တန်ဖိုးထားကြောင်းကို Propose လုပ်ရင်းဖြစ်စေ ၊ သာမာန် Anniversary နဲ့ ချစ်သူမွေးနေ့ မှာပဲဖြစ်စေ၊ Honeymoonမှာဖြစ်စေ ခရီးသွားရင်း သက်သေပြနိုင်ဖို့ ဆိုရင် LITS ကို သတိရပေးပါနော်။
http://howheasked.com/rhea-peter-travel-themed-proposal
ဒီ Original Article လေးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားတာပါ။